Events

The Economic Forum

Updated At: 2020-02-26 06:03:03

“The Economic Forum” ကို ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၃ ရက်နေ့မှ ၅ ရက်နေ့ထိ ကူဝိတ်နိုင်ငံ၊ ကူဝိတ်မြို့တွင် ကျင်းပမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှတဆင့် သိရှိရပါသည်။

ယင်းဖိုရမ်သို့ မြန်မာနိုင်ငံရှိ သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူများ ပါဝင်တက်ရောက်နိုင်ပါကြောင်းနှင့် ဖိတ်စာများကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်သို့ (၂၅-၂-၂၀၂၀) ရက်နေ့တွင် ဖြန့်ဝေပေးထားပါသည်။

ဖိုရမ်ဆိုင်ရာအချက်အလက်များသိရှိလိုပါက www.keforum.org သို့လည်းကောင်း၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ ရုံးအမှတ်(၃)၊ နေပြည်တော်၊ ဖုန်း- ၀၆၇-၃၄၀၈၆၀၈၊ ၀၆၇-၃၄၀၈၆၂၂၊ ၀၆၇-၃၄၀၈၆၂၃ နှင့် email:moctradefair@ gmail.com သို့လည်း ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း အသိပေးပါသည်။